***တစ်နှစ် တရက် အမေကိုချစ်သော သားသမီးများသို့ပေးစာ***
မင်္ဂလာပါ ကျတော်ဒီစာကိုမရေးချင်ပါဘူး ။။ ဒါပေမဲ့ ကိုယ်သိတဲ့ အသိတခုကို ပြန်လည် မျှဝေမှုမပြု လုပ်ခြင်းဟာ ပြစ်မှု မြောက်တဲ့ ရာဇဝတ်မှုတခုကို ကျူးလွန်မိတာနဲ့ အတူတူပဲလို့ ပညာရှိဂုရုကြီးတွေဆီက သင်ယူဖူးပါတယ်။။
ခုကျတော်အသက် ၃၄ နှစ်ပါ ။။ ကျတော်ဆယ်ကျော်သက်အရွယ်နုနယ်စဉ်က ကျတော်သိတဲ့ နေ့တချို့ကို မှတ်မိနေသေးတယ်
၁)အာဇာနည်နေ့
၂)လွတ်လပ်ရေးနေ့
၃)တောင်သူလယ်သမားနေ့
၎)ပြည်ထောင်စုနေ့
၅)တပ်မတော်နေ့
၆)May Day(အလုပ်သမားနေ့)
၇)သင်္ကြန်ပိတ်ရက်
၈)ကဆုန်လပြည့်နေ့
၉)သီတင်းကျွတ်
၁၀)ဒေဝါလီနေ့
၁၁)အက်နေ့
စသည်ဖြင့်ပေါ့ မှတ်မိသလောက်ရေးပေးထားပါသည်။။ဒီနေ့တွေပဲ သိခဲ့ပါသည်။။အရမ်းအလေးအမြတ်ထားခဲ့ရပါတယ်။။
ခုရာစုသစ်မှာတော့
၁)ချစ်သူများနေ့
၂)အမေများနေ့
၃)အဖေများနေ့
၎)ဘာတွေမှန်းမသိတော့တဲ့နေ့
စသည်ဖြင့်နေ့တွေပေါ်လာကြတယ်။
ဒီမှာတခုပြောချင်တာက
ချစ်သူများနေ့--- ချစ်သူကို ဒီတရက်ထဲ ချစ်ပြတာ။။
အမေများနေ့---အမေကိုဒီတရက်ပဲချစ်ကြသည်။။
အဖေများနေ့။။ အဖေကိုဒီတရက်ပဲချစ်ကြသည်။။
မိဘ------ ကျတော်သိသော မိဘ ဆိုတာအနန္တော အနန္ဒ ငါးပါးမှ တပါး
၁)ဘုရား
၂)တရား
၃)သံဃာ
၎)မိဘ
၅)ဆရာ
နံပါတ် (၄)နေရာ မှာ ရှိနေတဲ့ ဘုရားနဲ့တောင် တတန်းထဲထားလို့ရတဲ့ အနှိုင်းမဲ့ မေတ္တာပိုင်ရှင် ၊ ကျတော်တို့ ဒီခန္တာကိုယ် ပိုင်ဆိုင်လာအောင် မိ နဲ့ ဘ ရဲ့ သွေးသားနဲ့ တည်ဆောက်ပြီး ခန္တာကိုယ်ကို ငှားရမ်းပေးထားသော Investor ။။ကျတော်တို့အသက်ရှင်ရပ်တည်ပြီး လုပ်ချင်တာကို စိတ်ထင်တိုင်းလုပ်နိုင်စေရန် အသက်ကိုဖန်တီးစောင့်ရှောက်ပေးခဲ့သော ဘုရားသခင်။။
အသိဥာဏ်နဲ့ယဉ်ကျေးမှုကို ပျိုးထောင်ပေးသော အတော်ဆုံး ဥယျာဉ်မှူး စသည်ဖြင့် ခိုင်းနှိုင်းစရာ မရှိ အတုမရှိတဲ့ တကယ်အကြီးမားဆုံးကျေးဇူးရှင်ပါ။။ကျတော်သိတဲ့မိဘ ကိုပြောတာပါ။။ကျတော် ဒီအကြောင်းအရာတွေကို ဂုရု ကြီးတွေရဲ့ သင်ပြမှုကြောင့်အများကြီးနားလည်လာခဲ့တယ် ။။အရင်က ဆိုမိဘတွေဟာ တန်ဖိုးကြီးတဲ့အစားထိုးမရတဲ့မေတ္တာရှင်ဆိုတာကို မသိခဲ့ မခံစားမိခဲ့ဘူး ။။ တချို့အချိန်တွေဆို ခရီးတွေသွားနေရင် မိဘတွေဆီကို ဖုန်းလေးတချက်တောင်မဆက်မိဘူး ။။မိဘတွေဘယ်လောက်စိတ်ပူနေမလဲလို့ လုံးဝမစဉ်းစားပေးမိခဲ့ဘူး။။ကျတော်အရမ်း မိုက်မဲတာပဲ ။ မိဘတွေ နေကောင်းလား အဆင်ပြေလား ဆိုတာတောင် မိဘတွေရဲ့ခံစားချက်ကိုနားလည်မျှဝေမခံစားပေးဖူးဘူး။။ အရမ်းအတ္တကြီးမိခဲ့တယ်။။ကျတော် အသိက ငါစီးပွားရှာနေတာ ငွေအများကြီးရှိလာရင် မိဘကို ကောင်းကောင်းထားနိုင်မယ် ။။ ဒါဆို ကျေးဇူးဆပ်တာပဲလို့ ကျတော်ထင်နေခဲ့တာပါ ။။ မိဘတွေဆီက ဖုန်းဆက်လာရင် ကျတော်အလုပ်မအားဘူး။စိတ်မပူနဲ့။ဆိုပြီးဖုန်းကိုအမြန်ချလိုက်တာပါ။ဒီအဖြစ်တွေက မမှားပါဘူး။။ ဒါပေမဲ့ မမှန်ဘူး။။ဂုရုကြီးတွေရဲ့လမ်းညွှန်မှုကြောင့် မိဘကျေးဇူးကို သီအိုရီ အဖြစ်ကျတော် နဖူးတွေ့ ဒူးတွေ့သင်ယူလိုက်ရတယ် ။။ကျတော်လေ မျက်ရည်မဆည်နိုင်ခဲ့ဘူး ။။ဒီသင်ယူမှုပြီးတဲ့အချိန်မှာ မိဘတွေဆီကို ဖုန်းဆက်ဖြစ်တယ် စကားတွေအများကြီးပြောဖြစ်တယ်။ ကျတော်သိချင်တာတွေမေးဖြစ်တယ်။ဟုတ်တယ် အမေကပြောတယ် ငွေပို့နိုင်ဖို့ကိုမမျှော်လင့်ပါဘူးတဲ့။တိုက်တွေကားတွေ နဲ့ ချမ်းသာမှု စည်းစိမ်တွေကိုမမျှော်လင့်ပါဘူးတဲ့ ။။သားဖြစ်တဲ့ ကျတော်နေကောင်းနေရင် ဘေးကင်းနေရင် အလုပ်အဆင်ပြေတယ်ဆိုရင် ဒီအရာလေးတွေသိရရင် မိဘတွေက စိတ်အေးရပါပြီတဲ့ ။။
ကျတော်တသက်လုံး တွေးထင်ခဲ့တာတွေက လွဲသွားခဲ့တယ် ကျတော် ငိုချလိုက်တယ် ။အဖေနဲ့အမေက ဘာကြောင့်ငိုတာလဲတဲ့ ကျတော်အဖြစ်တွေကိုအကုန်ပြောပြလိုက်တယ်။။ အဖေနဲ့အမေကိုကျတော် တောင်းပန်လိုက်တယ်။။ပြီးတော့ ကျတော်တရက်ကို နှစ်ကြိမ်ဖုန်းဆက်ဖြစ်တယ်။။ သေသေချာချာအချိန်လေးပေးဖြစ်တယ် ခုအရမ်းနွေးထွေးတယ် အလုပ်လဲ အရင်ကထက်ပိုလို့အဆင်ပြေလာတယ်။။အရင်ကထက် အရမ်းစိတ်ချမ်းသာရတယ်။။ကျတော်ဒီအသိတခုရပြီး လက်တွေ့ကျင့်သုံးခဲ့တာ 2016 -1လပိုင်းကနေပါ။။အဖေ အမေ ဆိုတာ ကျတော်ရင့်ထဲမှာ အမြဲတမ်းရှင်သန်နေမဲ့ မေတ္တာရှင် အနှိုင်းမဲ့ မီးအိမ်ရှင် စူပါ ဥယျာဉ်မှူးပါပဲ။။ ခုFB မှာတွေ့နေရတာက အမေ့များနေ့ရောက်မှ အမေတွေကို ချစ်ပြနေတာတွေက တကယ်မဖြစ်သင့်တဲ့ အရာတွေလို့ခံယူမိပါတယ်။။ မိဘတွေကျေးဇူးကိုအမှန်တကယ်သိရှိနားလည်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။။
ကျေးဇူးအများကြီးတင်ပါသည်။။
ကျတော်အတွက်တော့ နေ့တိုင်းက မိဘများနေ့ ဖြစ်နေတာကတော့ သေချာပါပဲခင်ဗျာ။။
လေးစားစွာဖြင့်
By လီယိုနာဒို
http://knowledgesite2017.blogspot.com/

Comments
Post a Comment