**မိဘစကား​မြေဝယ်​မကျနား​ထောင်​ခြင်း**
     

          အရမ်း​ကောင်းတဲ့ ​ခေါင်းစဉ်​စကားစု​လေးပါပဲ။။ ကျ​တော်​တို့မြန်​မာလူမျိုး​တွေက မိဘစကား​မြေဝယ်​မကျနား​ထောင်​တတ်​နဲ့ သားသမီး​တွေက တသက်​လုံး မဆင်းရဲဘူးလို့ သတ်​မှတ်​တာများပါတယ်​ ။။ သိပ်​မှန်​တဲ့စကားစု​လေးပါပဲ ။။
         အဖြစ်​​လေးတခုကို စားဖတ်​သူချစ်​မိတ်​​ဆွေတို့ကို မျှ​ဝေ​ပေးချင်​ပါတယ်​။။ ကျ​တော်​အ​ကြောင်း​လေး​ပေါ့ ကျ​တော်​က မိဘစကားကို ​မြေဝယ်​မကျနား​ထောင်​သူမဟုတ်​​ပေမဲ့ ​မြေဝယ်​မကျ​လောက်​နီးပါး​တော့နား​ထောင်​မိတဲ့သူပါ။။ငယ်​ငယ်​က​နေ အဖိုး အဖွားကတမျိုး အ​ဖေအ​မေက တဖုံ သားအကြီးမလို့ ဖိပြီးဆုံးမကြပါတယ်​။။ အ​ဖေကနားမ​ထောင်​ရင်​ ရိုက်​နှက်​ဆုံးမတယ်​။ ​နောက်​​တော့အ​ဖေကို​ကြောက်​လို့ ကျ​တော်​မိဘ​တွေစကားကို နား​ထောင်​ရတယ်​။။ဒါ​ပေမဲ့ ဘယ်​အပိုင်း​တွေကမှားပြီး ဘယ်​အပိုင်း​တွေကမှန်​တယ်​ဆိုတာ​တော့ ကျ​တော်​​ကောင်း​ကောင်းကြီးခွဲခြမ်းတတ်​ပါတယ်​။။ဘာ​ကြောင့်​လဲဆို​တော့ ကျ​တော်​က စာဖတ်​တတ်​တဲ့အချိန်​က​နေ ​တွေ့တဲ့စာအုပ်​တိုင်းအကုန်​ဖတ်​လို့ ဖြစ်​မယ်​လို့ထင်​ပါတယ်​။။ ဒီလိုနဲ့ လွန်​ကဲတဲ့ မိဘဆုံးမမှု​အောက်​က ယဉ်​​ကျေးသိမ်​​မွေ့လွန်း​နေတဲ့ ကျ​တော်​ ၁၀တန်း​တွေ​အောင်​လို့ ​ကျောင်းတပိုင်းနဲ့အလုပ်​​တွေလုပ်​ဖို့ဖစ်​လာတယ်​။။
   ဒီမှာဇာတ်​လမ်းစပြီ------
           မိဘစကား​မြေဝယ်​မကျ နား​ထောင်​ရင်​ဘယ်​​တော့မှမဆင်းရဲဘူးတဲ့လား--
      အမှန်​တကယ်​ ကို မဆင်းရဲ တာပါဗျာ လူ​တွေကြားထဲကို မဆင်းရဲတာပါ။။ ကျ​တော်​​လေ့လာမိတဲ့ စာပိုဒ်​​လေးကမှန်​​နေတယ်​။။။

**မိဘစကားနား​ထောင်​ခိုင်းရင်​ နား​ထောင်​တတ်​တဲ့ သားသမီးက မိဘနဲ့ကင်းကွာရင်​ ကိုယ်​ပိုင်​ဆုံးဖြတ်​ချက်​အားနည်းပါသတဲ့**

   မှန်​​နေပြီ ကျ​တော်​လူ​ကြောက်​​နေပါပြီ။။ လူ​တွေနဲ့စကားမ​ပြောရဲ​တော့ဘူး။။ ဘယ်​အရာကိုမှာ ​သေ​သေချာချာမဆုံးဖြတ်​ရဲ​တော့ဘူးဖြစ်​လာတယ်​။။တချို့​နေ့​တွေဆို ​ငွေရှိ​ပေမဲ့ ထမင်းဆိုင်​ကိုဝင်​ပြီးကိုစားချင်​တာမမှာရဲလို့ ထမင်း​တွေလဲငတ်​ခဲ့ရပါတယ်​။။တကယ်​ကြီးဖြစ်​ခဲ့တာပါ။။ကျ​တော်​ခုရင့်​ကျက်​လာတယ်​ သိလာတယ်​ရဲရင့်​လာတယ်​။။လူငယ်​​တွေကို ကျ​တော်​ဖြစ်​ခဲ့သလိုမခံစား​စေချင်​ပါဘူး။။
                  ဒါ​ကြောင့်​ တခုမျှ​ဝေချင်​တာက မိဘစကားကို​မြေဝယ်​မကျနား​ထောင်​ခိုင်းတိုင်း ​ကောင်းတယ်​လက္ခဏာမဟုတ်​ဘူး ဆိုတာကိုပါပဲ။
      မိဘ​တွေကသားသမီး​တွေကိုမှန်​ကန်​စွာ ဆုံးမနိုင်​တဲ့နည်းလမ်း​တွေကို ရှာ​ဖွေဆုံးမနိုင်​ဖို့ကိုရည်​ရွယ်​ပါသည်​။။

ကျေးဇူးအများကြီးတင်​ပါသည်​။။

                    By လီယိုနာဒို

Comments

Popular posts from this blog

အင်​ဂျင်​နီယာစာအုပ်​များ

နည်းပညာစာအုပ်​ ၁၁၀