မင်္ဂလာပါ
         မိတ်​​ဆွေတို့ကို ကျ​တော်​သိတဲ့ဗဟုသုတ​လေး​တွေမျှ​ဝေ​ပေးမယ်​​နော်​။။။သိပြီးသားသူ​တွေ​တော့ ​ကျော်​သွား​ပေးပါလို့ ။။
     ခုလူတိုင်းလိုလို​ပြော​နေတဲ့
         ** ​လောကဓံ**
   ဆိုတဲ့စကား​လေးအ​ကြောင်းတချို့ကို မျှ​ဝေ​ပေးချင်​တာပါခင်​ဗျ။။
** ​လောကဓံ** ဆိုတာက ​လောကဓမ္မ ဆိုတဲ့ ပါဠိ က​နေဆင်းသက်​လာတာပါ။။
လောက လို့ဆိုရာမှာ
၁) သတ္တ​လောက
၂)သခါင်္ရ​လောက
၃)သြကာသ​လောက
ဆိုပြီး (၃)မျိုးရှိပါတယ်​။။
**သတ္တ​လောက**
   သတ္တ​လောကဆိုတာက သတ္တဝါ​အ​ပေါင်းကို​ခေါ်တာပါ။။ သတ္တဝါတစ်​​ယောက်​/တစ်​​ကောင်​ကို ​လောကတခုပါ။သတ္တဝါ​တွေအားလုံးကို​ပေါင်းပြီး သတ္တ​လောကလို့​ခေါ်တာပါ။။
**သြကာသ​လောက**
   သြကာသ​လောကဆိုတာက​တော့ သတ္တဝါ​တွေရဲ့ ​နေထိုင်​ရာ ဌာ​နေကို ​ခေါ်ဆိုတာပါ။။ဥပမာ-လူဘုံ ၊ နတ်​ဘုံ စသည်​ဖြင့်​​ သူတို့ရဲ​တည်​နေရာ​တွေ​ဟာ သြကာသ​လောက ပါပဲ။။
**သခါင်္ရ​လောက**
    သက်​ရှိ ၊သက်​မဲ့ ၊ရုပ၊်​နာမ်​ တရားဟူသမျှဟာ သခါင်္ရ​လောကပါပဲ။။
လောကဆိုတာက သတ္တဝါ​တွေ ဓမ္မဆိုတာကတရား။။
       ဒီ​တော့ ​လောက ဓမ္မ ဆို​တော့ သတ္တဝါ​တွေမလွှဲမ​သွေကြုံ​တွေ့ရမဲ့တရားပါပဲ။။
**​လောကဓံသုတ်​ပါဠိ**
     အဋ္ဌိ​မေ ဘိက္ခ​ဝေ ​လောကဓမ္မာ ​လောကံ အနုပရိဝတ္တန္တိ ၊​လော​ကောစ ဣ​မေ အဋ္ဌ ​လောကဓ​မ္မေ အနုပရိဝတ္တတိ။
 အဲဒီ​လောကဓံတရား ရှစ်​ပါးကို ​နောက်​ပို့စ်​မှာတင်​​ပေးပါမယ်​။
ကျေးဇူးပါခင်​ဗျ။။
              By လီယိုနာဒို
Comments
Popular posts from this blog
အင်​ဂျင်​နီယာစာအုပ်​များ
နည်းပညာစာအုပ်​ ၁၁၀