**မချိုးဖျက်​သင့်​​သောသင်​မသိ​သေး​သောစည်းမျဉ်းများ**
                       မင်္ဂလာပါ ...... ဒီ​နေ့မှာ ပို့စ်​တခုတင်​​ပေးပါမယ်​။။ကျ​တော်​​ရေး​နေ​သော ပို့စ်​အများစုက ကျ​တော်​ ကိုယ်​​တွေ့ဖြတ်​သန်းမှု​တွေကိုအ​ခြေခံ​ရေးသားထားပါသည်​။။ မိတ်​​ဆွေတို့ရဲ့ ဘဝမှာ ကျ​တော်​​တွေ့ကြုံရတဲ့အ​တွေ့အကြုံကိုသိပြီး ကြိုတင်​ပြင်​ဆင်​နိုင်​ရန်​ ​ရှောင်​ရှားနိုင်​ရန်​ လိုက်​နာနိုင်​ရန်​ရည်​ရွယ်​ပါသည်​။။
                     ကျ​တော်​တို့ဘဝ​တွေမှာ စည်းမျဉ်း​တွေနှင့်​ ပြည့်​​နေတယ်​ဆိုတာ ဘယ်​သူမှ သတိထားမိမှာမဟုတ်​ပါဘူး။။ ကျ​တော်​လည်းသတိမထားမိခဲ့ပါဘူး ။။ ထပ်​ခါထပ်​ခါ ခံရတာများလာ​တော့မှ အကြိမ်​ကြိမ်​သုံးသပ်​ရင်း ​တွေ့လာရတာပါပဲ။။ အဲဒီစဉ်းမျဉ်း​တွေကိုသာ ​သေ​သေချာချာ လိုက်​နာနိုင်​ခဲ့ရင်​​အောင်​မြင်​သူတ​ယောက်​အဖြစ်​ရပ်​တည်​နိုင်​ပြီး ​အောင်​မြင်​မှုကို ​ရေရှည်​ထိန်းထားနိုင်​ပါလိမ့်​မည်​။။
                   ဥပမာ တခုကို​ပြောပြချင်​ပါတယ်​။။ ကျ​တော်​ခံလိုက်​ရတာ​လေး​ပေါ့။။ကျ​တော်​က ညဆို ၁၂ နာရီမှာ ပုံမှန်​အိပ်​ဖြစ်​တယ်​ မနက်​မှာ ၆ နာရီဆိုပုံမှန်​ အိပ်​ရာထတယ်​ ။။ ဒါက ကျ​တော်​ရဲ့ ​နေ့စဉ်​ စည်းမျဉ်းထဲက တခုပါပဲ။ကျ​တော်​ချိုးဖျက်​မိတာကို​ပြောပြပါမယ်​ ။။ ပြီးခဲ့တဲ့ စ​နေ​နေ့ညက ညပိုင်းမှာ ဇာတ်​ကားကြည့်​ဖြစ်​တယ်​  ည ၁၀ နာရီခွဲမှ စကြည့်​တာပါ  ည ၁၂ နာရီ ၄၅ မိနစ်​မှ ဇာတ်​လမ်းကပြီးသွားတာ အိပ်​​ရာဝင်​တာက ၁ နာရီမှ အိပ်​ရာဝင်​တာ​ပေါ့ ​နောက်​​နေ့မနက်​ မှာ ၆ နာရီမှာပဲ အိပ်​ရာထတယ်​။။ ကျ​တော်​ ကိုယ်​တိုင်​က ကျ​တော်​ချမှတ်​ထားတဲ့စည်းမျဉ်းကို ချိုးဖျက်​လိုက်​တာ မိတ်​​ဆွေ​တွေ့မိလား။။
                   ၁၂ နာရီမှာ အိပ်​​နေကျသူက ၁ နာရီ​နောက်​ကျမှအိပ်​လိုက်​တယ်​ ။။
       ချိုးဖျက်​ခြင်းရဲ့ဆိုးကျိုးများ
၁)မနက်​ခင်းမှာ အိပ်​​ရေးမဝခြင်း
၂)အိပ်​​ရေးမဝလို့ စိတ်​မကြည်​လင်​ခြင်း
၃)ညမှာ အသည်းရဲ့လုပ်​​ဆောင်​မှု​နောက်​ကျခြင်း
၎)ခန္ဓာကိုယ်​မှာ အသည်းကအဆိပ်​အ​တောက်​ရှင်းချိန်​​နောက်​ကျလို့ အဆိပ်​အ​တောက်​များ​နေခြင်း
၅)အင်​အား​လျော့​နေသလိုခံစားရခြင်း
၆)အိပ်​​ရေးမဝ​တော့စိတ်​မကြည်​လို့ အလုပ်​မှာအဆင်​မ​ပြေခြင်း
                         စသည်​ဖြင့်​ အရမ်းများလှ​သော ဆိုးကျိုးများကို ပြင်းထန်​စွာ ခံစားရပါတယ်​။။
ဒါက စည်းမျဉ်းများကို ချိုးဖျက်​လို့ ခံစားရ​သောပြစ်​ဒဏ်​များပင်​ဖြစ်​​တော့သည်​။ ။ဒီ​လောက်​​ပြောပြလိုက်​ရင်​စည်းမျဉ်းများကိုမြင်​​အောင်​ရှာ​ဖွေနိုင်​မယ်​လို့​မျှော်​လင့်​မိပါတယ်​။။
 စည်းမျဉ်းဥပမာ​လေးများ--
၁)ယူခဲ့​သောပစ္စည်းကို ယူခဲ့​သော​နေရာသို့ပြန်​မထားမိခြင်း
၂)အမှန်​တကယ်​လုပ်​မည်​ရည်​ရွယ်​ထား​သောအလုပ်​ကို မလုပ်​ပဲ​နေလိုက်​ခြင်း
၃)စာဖတ်​မယ်​လို့ရည်​ရွယ်​ထားတာ စာမဖတ်​မိခြင်း
စသည်​ဖြင့်​စည်းမျဉ်းအများကြီးရှိပါသည်​။။မိတ်​​ဆွေတို့လဲ ကိုယ်​ပိုင်​စည်းမျဉ်းများအားရှာ​ဖွေ​တွေ့ရှိပြီးလိုက်​နာနိုင်​ကြပါ​စေလို့ ။။
ကျေးဇူးတင်​ပါသည်​။။
                                           By လီယိုနာဒို
Comments
Popular posts from this blog
အင်​ဂျင်​နီယာစာအုပ်​များ
နည်းပညာစာအုပ်​ ၁၁၀