**ကိုယ်​တိုင်​လုပ်​စား​​သောငါးသံပုရာ​ပေါင်း**




    မင်္ဂလာပါ မိတ်​​ဆွေတို့​ရေ ----

       မိတ်​​ဆွေတို့အလုပ်​နားရက်​​တွေနဲ့ ကိုယ်​ပိုင်​အားလပ်​ချိန်​​တွေမှာ ဘာလုပ်​ရမလဲ? ဘယ်​မှလဲမသွားချင်​-- တခုခုလုပ်​စားမယ်​ဆိုပြန်​​တော့လဲ ဂျင်းသုတ်​ ၊ လက်​ဖက်​သုတ်​ ​လောက်​ကိုပဲ စား​နေရ​တော့လဲ ပျင်းလာပြီ ----
     ဒီလို ခံစားမှု​လေး​တွေ ဖြစ်​ဖူးမယ်​လို့ထင်​ပါတယ်​ ။။ ကျ​တော်​လဲ ဒီလို​တွေ ဖြစ်​ဖူးပါတယ်​ ဒီ​တော့ ​ယောက်ျား​လေးပဲဖြစ်​ဖြစ်​ မိန်းက​လေးပဲဖြစ်​ဖြစ်​ လုပ်​စားရလွယ်​တဲ့ ငါးသံပုရာ​ပေါင်းပြီး ဘီယာ​လေးနဲ့ ဇိမ်​ပဲ ​လေထဲဝဲပျံလိုက်​ရရင်​ဖြင့်​ ​ဆွေမျိုး​တောင်​​မေ့သွားမလားပဲ--

 ငါးသံပုရာ​ပေါင်းရန်​ လိုတာက
၁) ငါးအ​နေ​တော်​တ​ကောင်
 (ကက်​ကတက်​ ၊တီလားဗီးယား၊ငါးကြင်း အဆင်​​ပြေတဲ့ငါး​ပေါ့)
၂)ဂျင်း၊ နံနံပင်​ ၊ ကြက်​သွန်​ဖြူ ၊ ဖက်​ဖယ်​ရွက်​ ၊ စပါးလင်​ ၊ ငရုပ်​သီးအနည်းငယ်
၃)ရှာလကာရည်​ ၊ ငံပြာရည်​ ၊ ဆား ၊ ဟင်းခတ်​မှုန့်​တမျိုးမျိုး​ပေါ့ သို့မဟုတ်​ အချိုမှုန့်

ကျ​တော်​အတွက်က​တော့----
ဆား ၊ အချိုမှုန့်​ ၊ ငံပြာရည်​ ၊ ကြက်​သွန်​ဖြူ ၊ ဂျင်း၊ ငရုတ်​သီး၊ နံနံပင်​ ဒီအရာ​တွေက အိမ်​မှာအမြဲသုံးဆို​တော့ မဝယ်​ရ​တော့ဘူး​ပေါ့။

လုပ်​နည်း
    ( ငါးကိုဝယ်​တဲ့အချိန်​မှာ ​ကြေးခွံခွာ ပိုက်​ခွဲ အူထုတ်​ ​အ​တောင်​​တွေ အမှီး​တွေဖြတ်​ခိုင်းပါရန်​။)
      ငါး​ကို​ရေ​ဆေး ပြီးရင်​ ဆား ၊ အချိုမှုန့်​၊ ငံပြာရည်​နဲ့ နှယ်​ ပြီး ၁၅ မိနစ်​​လောက်​ထား။
@---ဂျင်းအနည်းငယ်​ကိုအခွံခွာ နုတ်​နုတ်​စဉ်း
@---ကြက်​သွန်​ဖြူ များများကို အခွံခွာ
@---ငရုတ်​သီးကိုယ်​စားနိုင်​သ​လောက်​      ကိုအညှာ​ချွေ
@---နံနံပင်​ကိုညှပ်
@---ဖက်​ဖယ်​ကိုနဲနဲပဲထည့်


နံနံပင်​၊ ဖက်​ဖယ်​၊ ငရုတ်​သီး ၊ဂျင်းနဲ့ ကြက်​သွန်​ဖြူကိုညက်​​နေ​အောင်​​ရောပြီး​ထောင်း ပြီး
ငါးဗိုက်​ထဲ သင့်​​တော်​သ​လောက်​ထည့်​ စပါးလင်​ကို အ​နေ​တော်​​လေး ထုပြီး ငါးဗိုက်​ထဲထည့်
ပြီးရင်​​ ​ပေါင်းအိုးရှိတဲ့သူက ​ပေါင်းအိုးနဲ့ ​ပေါင်းမယ်​ ​ပေါင်းအိုးမရှိတဲ့သူက အိမ်​မှာသုံးတဲ့ အိုးတလုံး​ပေါ့ ဘယ်​အိုးမဆိုအဆင်​​ပြေပါတယ်​ ။ ကျ​တော်​က​တော့ လျှပ်​စစ်​နဲ့ချက်​တဲ့ဟင်းအိုးကိုသုံးပါတယ်​။ အိုးထဲ​ရေအနည်းငယ်​ထည့်​​ရေဆူ​အောင်​တည်​ထား ​ရေဆူရင်​ တူ​လေးနဲ့ဖြစ်​ဖြစ်​ ဒုတ်​​ချောင်း​လေးနဲ့ဖြစ်​ဖြစ်​ ဆူ​နေတဲ့​ရေ​ပေါ်မှာတင်​ ၁၅ မိနစ်​စိမ်​ထားတဲ့ ငါးကို ​ပေါင်းမဲ့ခွက်​ ထဲထည့်​​ရေဆူ​နေတဲ့အ​ပေါ်မှာဒုတ်​က​လေးခံပြီး တင်​လိုက်​ အဖုံးအုပ်​ထားလိုက်​ မိနစ်​ ၂၀ ​လောက်​ဆိုရင်​ အိပြီး တုန်​​နေတဲ့ ငါး​ပေါင်းက​လေးရပါပြီး ​စော​စောက ငါးဗိုက်​ထဲကို ထည့်​လို့ ချန်​ထားတဲ့ ​ထောင်းထားတဲ့ အဆာ​တွေကို ​ရေ​နွေးပူပူနဲ့ ​လောင်းလိုက်​ ​ရေ​နွေးက နဲနဲပဲ​နော်​ ဆား ငံပြာရည်​ အချိုမှုန့်​ထည့်​​အ​ပေါ့အငံ ကိုယ်​ကြိုက်​သလိုပြင်​ပါ ။ ပြင်​ပြီးရင်​ ​ပေါင်းထားတဲ့ငါး​ပေါ်မှာ ဖြန့်​ပြီး​လောင်းလိုက်​ အ​ပေါ်က နံနံပင်​နဲနဲအုပ်​လိုက်​ပြီးရင်​ ရှာလကာရည်​ကို ကိုယ်​ကြိုက်​သလိုသာ ငါး​ပေါင်း​ပေါ်က ​လောင်းချလိုက်​ပါ​တော့ ။။ကျ​တော်​က​တော့ ချဉ်​ချဉ်​ စပ်​စပ်​ကြိုက်​လို့ ငရုတ်​သီးများများထည့်​ပြီး ရှာလကာရည်​များများ​လောင်းထည့်​တာဗျ။
ကဲပြီးပြီ
     ၃၅ မိနစ်​​လောက်​မှာ စားလို့ရပြီ။
ဘီယာ​လေးနဲ့သာဆိုရင်​။ တချို့က ​ရေ​နွေးကြမ်း​လေးနဲ့။ တချို့က မာလာဟင်း​လေးနဲ့ ။တချို့က သူတို့နှစ်​သက်​ရာနဲ့ စားနိုင်​ပါတယ်​ခင်​ဗျ ။ အားလုံးကို​မေ့မသွား​အောင်​​တော့ ကိုယ်​အ​ကြောင်းဒိုင်​ယာရီ ​တော့​ရေးထား​ပေါ့ဗျာ။။

မှတ်​ချက်​။ ဖက်​ဖယ်​ရွက်​များရင်​ ခါးတယ်​။

သူငယ်​ချင်း​တွေနဲ့ စုပြီးလုပ်​စားရင်​ ၂၅ မိနစ်​​လောက်​ပဲကြာပါတယ်​။။

ကျေးဇူးတင်​ပါသည်​။
                     By လီယိုနာဒို


Comments

Popular posts from this blog

အင်​ဂျင်​နီယာစာအုပ်​များ

နည်းပညာစာအုပ်​ ၁၁၀