**သယံဇာတ​ပေါများတဲ့မြန်​မာနိုင်​ငံဘာ​ကြောင့်​မချမ်းသာလဲ**



                  မိတ်​​ဆွေတို့ကို ကျ​တော်​နဲ့ ကျ​တော်​ မိတ်​​ဆွေစကား​ပြောဖြစ်​တာ​လေး​ရေး​ပေးမယ်​ အရမ်းစဉ်းစားသွားရတယ်​။။ ကျ​တော်​ရဲ့ မိတ်​​ဆွေကိုလဲ ​ကျေးဇူးတင်​သည်​။။
      2016 April လ ကပါ ကျ​တော်​ မန္တ​လေးကို​ရောက်​​တော့ ကျ​တော်​မိတ်​​ဆွေနဲ့​တွေ့တယ်​ ။ ကျ​တော်​မိတ်​​ဆွေ နာမည်​က ကို​ဌေး (အမည်​လွှဲ) လို့မှတ်​ထားပါ။။သူနဲ့​တွေ့ဖြစ်​တယ်​ သူကလည်းနယ်​က​နေ မန္တ​လေးကို​ရောက်​ဖြစ်​တာ စကား​ပြောဖြစ်​တာ​လေးကို ​ရေး​ပေးပါ့မယ်​ခင်​ဗျ။။

ကျ​တော်​။။       ကို​ဌေး​နေ​ကောင်းလားဗျ?

ကို​ဌေး။။ ​         ကောင်းတယ်​ငါ့ညီ ။ ဒါနဲ့ဘယ်​တုန်းက​       ရောက်​တုန်းဟ?

ကျ​တော်​။။        ခုနကပဲ​ရောက်​တာကို​ဌေး

ကို​ဌေး။။           မန္တ​လေးတင်​ပဲလား?

ကျ​တော်​ ။။        ရန်​ကုန်​ထိဆင်းမှာ ကို​ဌေး

ကို​ဌေး။။     ​        အော်​ ငါက​နောက်​လမှသွားမလို့

          အဲလိုနဲ့ စကား​လေးတ​ပြော​ပြောနဲ့ ​တော​ရောက်​​တောင်​​ရောက်​​ပေါ့ ။။ အဲလိုနဲ့ ကျ​တော်​စကားက

ကျ​တော်​။။             စကားမစပ်​ ကို​ဌေး​ရေမြန်​မာပြည်​မှာ ​မြေ​ပေါ်​မြေ​အောက်​ သယံဇာတ အရမ်း​ပေါတာ မြန်​မာပြည်​က ဘာလို့များ ဆင်​ရဲတာလဲ ဆိုတာ ကို​ဌေးရဲ့အမြင်​ကိုသင်​ယူချင်​လိုက်​တာကို​ပြောလိုက်​​တော့။။

          သိတယ်​မို့လား ​ကို​ဌေး အိုက်​တင်​ကြီးက အိုင်းစတိုင်းလားထင်​ရတယ်​။စင်္ကာပူမှာ​နေခဲ့စဉ်​က​နေ အထာသိ​နေပြီးသား။။

ကို​ဌေး ။။          ငါ့ညီ ဟိုမှာ​တွေ့လား ADဘင်​ ကားကို???

ကျ​တော်​။။  ဟုတ်​ကို​ဌေး ကားအဖြူ ​လေးလား?။ ခဲ​ရောင်​ကား​လေးလား?။။

ကို​ဌေး ။။               အဖြူ ​လေး ငါ့ညီ အဲဒီကား​လေးက ဂျပန်​က​နေလာတာ ပြီးခဲ့တဲ့ ၂ ရက်​ကမှ ဟိုဘက်​အိမ်​က အကိုက ဝယ်​လိုက်​တာ !!!

ကျ​တော်​။။    ဘယ်​​လောက်​​ပေးရသတဲ့လဲကို​ဌေး????

ကို​ဌေး။။                     ၇၅ သိန်း​ပေးရတယ်​ ဒီကားသွားဝယ်​​တော့ အကိုပါလိုက်​သွားတာ။ ကဲညီသိချင်​တာ​ပြောပြမယ်​။။ ဒီကားတစီးကို ၇၅ သိန်းတဲ့ညီ ဂျပန်​က တိုယိုတာကုမ္ပဏီက စက်​ရုံက​နေ ၅ မိနစ်​ကိုတစီးပြီးတယ်​။

ကျ​တော်​။။   တကယ်​!!!!

ကို​ဌေး။။  ဟုတ်​တယ်​ငါ့ညီ ၅ မိနစ်​ကိုတစ်​စီး ​ပေါ့ ။ငါ့ညီ အလုပ်​လုပ်​တဲ့နယ်​မှာ ဘာ​တွေထွက်​လဲ???

ကျ​တော်​။။         ​ရွှေ ၊ သစ်​၊ ဝါး ၊ ​ကျောက်​စိမ်းအနည်းငယ်​၊ လူငယ်​​တွေများ မူးယစ်​​ဆေး​တွေစွဲလို့​ပေါ့အကိုရာ။။

ကို​ဌေး ။။   OK...​ရွှေဆိုရပြီ။။ရွှေက​ရော ဘယ်​​လောက်​​ဈေးရှိလဲ??

ကျ​တော်​ ။ ။       ၇၅၀၀၀၀ကျပ်​ပါ ကို​ဌေး!

ကို​ဌေး ။ ။   ဒီကားတစီးဆိုရင်​ ​ရွှေ ၁၀  သား​ပေါ့။မင်းတို့ဘက်​မှာ ​ရွှေအရမ်းရရင်​ ​ရွှေတဆယ်​သားကို ဘယ်​​လောက်​စုရမလဲ??

ကျ​တော်​ ။။           ဟုတ်​တယ်​ ကို​ဌေး ​ရွှေ ၁၀ သားကို ၃ လ​လောက်​ စုရမယ်​ လူတိုင်း​တော့မရဘူး​ပေါ့ ။ တချို့ တချို့ပဲရမယ်​ကို​ဌေး!!

ကို​ဌေး ။ ။  ဒါကို​ပြောတာ​ပေါ့ ငါ့ညီ သူများနိုင်​ငံ​တွေမှာ သယံဇာတ မ​ပေါများ​ပေမဲ့ နည်းပညာ ကြွယ်​ဝတယ်​ ၇၅ သိန်းကို ၅ မိနစ်​ နှင့်​ရှာတယ်​။ မြန်​မာပြည်​မှာ ၇၅ သိန်းကို ​ရွှေအရမ်းရတဲ့သူ​တောင်​ ၃ လ​ကျော်​​လောက်​ရှာရတာ မြန်​မာပြည်​ရဲ့ လုပ်​အားခ ၃ လ ရဲ့ တန်​ဖိုးနဲ့ တိုယိုတာကုမ္ပဏီက ၅ မိနစ်​တန်​ဖိုးတူ​နေတာပါ။။ ဒီမှာ ရတနာသယံဇာတက ကုန်​သွားနိုင်​တယ်​ နည်းပညာက​တော့ မကုန်​နိုင်​ဘူးငါ့ညီ အသိတခုရမယ်​လို့အကို​မျှော်​လင့်​ပါတယ်​ အကိုသွားစရာရှိလို့ သွားလိုက်​အုံးမယ်​။

ကျ​တော်​ ။။ ​ကျေးဇူးပါ ကို​ဌေး​ရေ

           ကဲဒီမှာ မိတ်​​ဆွေတို့အတွက်​ တခုခု ကို အသိတခုရမယ်​လို့​မျှော်​လင့်​ပါတယ်​ ။။မြန်​မာပြည်​မှာ သယံဇာတ များ​တယ်​ဆိုတာထက်​ နည်းပညာ​ပေါ များမှ နိုင်​ငံအတွက်​​ လူမျိုးအတွက်​ အများကြီး အကျိုးဖြစ်​ထွန်းလာနိုင်​ပါမယ်​။။သယံဇာတ ရှာသူရဲ့ ၃ လ ဝင်​​ငွေနဲ့ နည်းပညာရှင်​ရဲ့ ၅ မိနစ်​ဝင်​​ငွေ တူညီတယ်​ဆိုရင်​ နည်းပညာသမားရဲ့ ၃ လဝင်​​ငွေဟာ ဘဝတခု​ပြောင်းလဲသွားပါပြီ။။
                   ကျ​တော်​စဉ်းစားမိသွားတယ်​  သယံဇာတ ရှာတဲ့ ၃ လသမား လုပ်​မလား ၅ မိနစ်​နဲ့ ၇၅ သိန်းရှာနိုင်​တဲ့ အရာ​တွေကို ရှာမလား​ပေါ့။။

                  မိတ်​​ဆွေ စဉ်းစားကြည့်​ပါလို့ တိုက်​တွန်းလိုက်​ရပါသည်​။။

ကျေးဇူးတင်​ပါသည်​။။

                      By လီယိုနာဒို

Comments

Popular posts from this blog

အင်​ဂျင်​နီယာစာအုပ်​များ

နည်းပညာစာအုပ်​ ၁၁၀