၂၈နှစ်မှာ အငြိမ်းစားယူသွားတဲ့ သန်းကြွယ်သူဌေးမလေး JP Livingston

ဂျေပီ လစ်ဗင်စတွန် (JP Livingston) ဟာ ၂၈နှစ်အရွယ်မှာတင် အလုပ်အနားယူပြီးတော့ ဒေါ်လာ ၂သန်းနဲ့ ဇိမ်ကျလို့နေပါတယ်။ ပိုင်ဆိုင်ထားတဲ့ ဒေါ်လာ၂သန်းထဲမှာ ၁.၂သန်းကို အသားတင်စုဆောင်းခဲ့တာဖြစ်ပြီးတော့ ဝ.၈သန်းကိုတော့ ရင်းနှီးမြှုပ်နှံတဲ့နေရာကနေ ရရှိခဲ့တာဖြစ်ပါတယ်။ အလုပ်ဝင်တဲ့အချိန်ကနေ ဝင်ငွေရဲ့၇ဝရာခိုင်နှုန်းကို စုဆောင်းနိုင်ခဲ့လို့ အခုလို နေနိုင်တာဖြစ်ပါတယ်။ အသက် ၃ဝမပြည့်ခင်မှာ သန်းကြွယ်သူဌေးမလေး ဖြစ်နေတဲ့ လစ်ဗင်စတွန်ဆီကနေ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပက်သက်လို့ ဘာတွေသင်ယူလို့ရမလဲဆိုတာ Akhayar ကနေ ဖော်ပြလိုက်ပါတယ်။
၁။ အသုံးစရိတ်ကို တတ်နိုင်သလောက် လျော့ပါတယ်။
နေ့စဉ်ဘဝမှာ ကုန်ကျနိုင်တဲ့ အသုံးစရိတ်ကို တတ်နိုင်သလောက် လျော့တဲ့သဘောပါ။ အပြင်ထွက်တဲ့အခါ ရေသန့်ဘူး ဝယ်သောက်မယ့်အစား အိမ်ကနေ ရေသန့်ဘူး ယူသွားတာမျိုးပေါ့။ ပြီးတော့ ၁ဝသိန်းလောက်ရှိတဲ့ iPhone ဝယ်ကိုင်တာထက်စာရင် အင်တာနက်ကောင်းကောင်းသုံးလို့ရတဲ့ အလတ်တန်းစား ၃သိန်းတန် စမတ်ဖုန်းတစ်လုံး ဝယ်ကိုင်တာတွေကလည်း အသုံးစရိတ်လျော့ချတဲ့သဘော ဖြစ်ပါတယ်။
၂။ သုံးပြီးသား ပစ္စည်းတွေကို ဝယ်သင့်ပါတယ်။
သူငယ်ချင်းတစ်ယောက်က သူနဲ့မတော်လို့ ဘောင်းဘီတစ်ထည်ကို ဈေးလျော့ပြီးလာရောင်းတဲ့အခါမှ ကိုယ်နဲ့လည်း သင့်တော်တယ်၊ လိုအပ်နေတယ်ဆိုရင် လက်မတွန့်ဘဲ ဝယ်သင့်တဲ့သဘောပါပဲ။ ပြီးတော့ ပရိဘောဂပစ္စည်းတွေကိုလည်း အသစ်ဝယ်တာနဲ့စာရင် အတော်အသင့်သန့်တဲ့ သုံးပြီးသားပစ္စည်းတွေကို ပြန်ဝယ်တာက ထက်ဝက်လောက် သက်သာပါတယ်။

You May Like : ဆင်ခြေပေးတဲ့ပါးစပ် ထမင်းငတ်တတ်တယ်
၃။ အခြေအနေ အချိန်အခါ ကို အခွင့်ကောင်းယူတတ်ပါစေ။
မိုးရာသီရောက်ရင် ထီးဈေးတက်လာမယ်ဆိုရင် နွေရာသီကတည်းက ထီးတွေကို ကြိုဝယ်ထားတာ ပိုမကောင်းဘူးလား။ အသုံးအဆောင်စရိတ်တွေ တအားမြင့်နေတယ်ဆိုရင် ပရိုမိုးရှင်းရှိနေတုန်း ဝယ်ထားလိုက်မယ်ဆိုရင် ကုန်ကျစရိတ်သက်သာတာပေါ့။ အချိန်အခါလိုက် တိုင်ပင်ကိုက် လုပ်ဆောင်တတ်ဖို့လည်း လိုအပ်ပါတယ်။
၎။ ဝယ်လိုက်တဲ့ပစ္စည်းကို ဘယ်လောက်ပြန်ရှာရမလဲ ပြန်တွေးပါ။
ကိုယ့်လစာက ၂သိန်းရတယ်ဆိုပေမယ့် တစ်လမှာ ၅သောင်း စုမိတယ်။ ခရီးတစ်ခုသွားလိုက်တာ ၂သိန်းကုန်သွားတယ်ဆိုရင် ခရီးစရိတ်ကျေဖို့အတွက် ၄လပြန်ရှာရမယ်ဆိုတဲ့ သီအိုရီကို မမေ့ပါနဲ့။ ပိုက်ဆံသုံးလိုက်တဲ့မှာ အဲဒီပမာဏပြန်ရဖို့ ဘယ်လောက်ပြန်ရှာရမယ်ဆိုတာ တွေးမိရင် တချို့မလိုအပ်တာတွေကို မဝယ်ဖြစ်ပါဘူး။ ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် တစ်ပတ်လောက် စဉ်းစားလိုက်ပါ။ တကယ်ရော လိုအပ်လို့လား၊ တကယ်ပဲ ဝယ်ချင်တာလားဆိုတာ။ တစ်ပတ်ကြာလို့မှ တကယ်လိုအပ်နေတယ်ဆိုရင် ချက်ချင်းပဲ ဝယ်ပစ်လိုက်ပါ။
ကဲ . . ကျွန်တော်တို့တွေလည်း ဂျေပီ လစ်ဗင်စတွန်ကို အတုယူပြီးတော့ လစာရဲ့၇ဝရာခိုင်နှုန်းကို စုမယ်ဆိုရင် အသက်၃ဝမတိုင်ခင်မှာ သန်းကြွယ်သူဌေးဖြစ်လာမယ်လို့ ဘယ်သူပြောရဲမှာလဲ။
www.akhayar.com မှကူးယူပါသည်။။ မိတ်ဆွေများကို အသိတခုအတွက်မျှဝေပါသည်။။ မူရင်းတင်သူကို Cridet ပေးပါသည်။။
Comments
Post a Comment