ငါးသံပုရာပေါင်း ချက်နည်း

ငါးသံပုရာပေါင်း ချက်နည်း

===================
===================

ငါးသံပုရာပေါင်းအတွက်ဆိုရင် Seabass လို့ခေါ်တဲ့ ကကတစ်ငါးက အကောင်းဆုံးပါပဲ။ အသား ပိုချိုသလို အနံ့လည်း ကောင်းတယ်။ အသားလည်း ပိုများတယ်။ ငါးကြင်း၊ တီလားဗီးယားတို့နဲ့လည်း အဆင်ပြေပါတယ်။

(၁) ကကတစ် အနေတော်တစ်ကောင်ကို ကြေးခွံခါပြီး ဆားနဲ့ရေဆေးပါ။

(၂) အမြီးအစွန်နဲ့ အတောင်ပံတွေကို ဖြတ်ထုတ်ပါ။ ဗိုက်ခွဲပါ။

(၃) စပါးလင်တစ်ချောင်းကို ၃ ပိုင်းဖြတ်၊ ပါးဟပ်ထဲ တစ်ပိုင်းထည့်၊ ဗိုက်သားထဲ ၂ပိုင်းထည့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်တို့ဖြင့် နှယ်ထားပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။

(၄) ကြက်သွန်ဖြူ ၅မွှာ၊ ငရုတ်သီးစိမ်းအနေတော်၊ စပါးလင် လက်၂ဆစ်ခန့်၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းရွက်တို့ကို ညက်နေအောင် အတူရောထောင်းပါ။

(၅) ရောထောင်းတဲ့ပစ္စည်းကို ဆား၊ သကြား၊ ငံပြာရည်၊ ညှပ်ထားသော ပူစီနံ၊ နံနံပင်တို့ကို ရေကျက်အေးအနည်းငယ်ဖြင့် ဖျော်ထားပါ။ သံပုရာသီး ညစ်ထည့်ပါ။ အပေါ့အငံ လိုသလို မြည်းကြည့်ပါ။

ငါးပေါင်းရန်

(၁) ဒယ်အိုးထဲမှာ ရေပေါ်ကို တူ သို့မဟုတ် သစ်သားတစ်ခုခု တင်ထားပြီး ငါးပန်းကန်ကို တင်ထား၍ ၁၅ မိနစ်ခန့် အဖုံးပိတ်ထားပြီး ပေါင်းထားပါ။ ငါးထဲမှ အရည်များ ထွက်ကျလာပါလိမ့်မယ်။ မွှေးကြိုင်တဲ့ ငါးသံပုရာပေါင်းလေးကို ရပါပြီ။

အနံ့လေးသင်းနေအောင် စားခါနီးမှာ သံပုရာကွင်းလေးများ အပေါ်မှာတင်ပြီး နံနံပင်အနည်းငယ် အုပ်လိုက်ရင် ပိုလန်းသွားစေပါမယ်။

(ပေါင်းနည်း နောက်ထပ်တစ်နည်းကိုလည်း မကြာခင် ထပ်တင်ပေးပါမယ်။ ဖတ်ရှုပေးသူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်)

Comments

Popular posts from this blog

အင်​ဂျင်​နီယာစာအုပ်​များ

နည်းပညာစာအုပ်​ ၁၁၀