ဟာသ

                        **လူသတ်​မှု**



တရားသူကြီး=မိန်းကလေး...သေဆုံးသူကို ဒါးနဲ့၇၂ချက်ထိုးသတ်တယ်ဆိုတာ မှန်ပါသလား

တရားခံ=မှန်ပါတယ် သူ့ကိုအရမ်းစိတ်နာလို့

တရားသူကြီး= ဖြစ်စဉ်နဲ့  ပတ်သတ်ပြီး ရုံးတော်ကိုအသေးစိတ် လျှောက်တင်စမ်း

တရားခံ= သေဆုံးသူက ကျမကို သူ့အခန်းထဲပွေ့ဖက်ပြီး ခေါ်ပါတယ်

တရားသူကြီး= သြော်..ဒါကြောင့် ကာကွယ်လိုက်တာလား

တရားခံ= မဟုတ်သေးပါဘူး ဒါ့ထက်ဆိုးတယ်.. အခန်းထဲရောက်တော့ အတင်းကို ဖက်နမ်းပါတယ်

တရားသူကြီး= သြော်..ဒါကြောင့် ကာကွယ်လိုက်တာပေါ့

တရားခံ= မဟုတ်သေးပါဘူး..ဒါ့ထက်ပိုဆိုးပါတယ်... ကျမအပေါ်ပိုင်းကိုပါ ချွတ်ချတယ်ရှင့်

တရားသူကြီး= သြော်..ဒါကြောင့် အလန့်တကြား ကာကွယ်လိုက်တာပေါ့

တရားခံ= မဟုတ်သေးပါဘူး ဒါ့ထက်ပိုဆိုးတယ်ရှင့်.. ကျမဂါဝန်ကိုပါ အတင်းချွတ်တယ်ရှင့်

တရားသူကြီး= သြော်..အင်း..အရေးကြီးတယ်လေ.. အရှက်သိက္ခာပိုင်းဆိုင်သွားပြီ

တရားခံ= မဟုတ်သေးဘူးရှင့်... ပိုဆိုးတာက ကျမအတွင်းခံကိုပါ အတင်းချွတ်တယ်ရှင့်

တရားသူကြီး= ဟ ကာယအိနြေ္ဒကာကွယ်ရတာမှာပေါ့ ဒါကြောင့် ရှက်ရှက်နဲ့ ထထိုးပစ်တာလား

တရားခံ= မဟုတ်သေးဘူးရှင့် ဆိုးသထက်အဆိုးဆုံးက ကျမကို ကုတင်ပေါ်တွန်းလှဲတယ်ရှင့်

တရားသူကြိး= အော်..ဟုတ်ပြီ အဲ့ဒီကျမှ ညဉ်းက ဒါးနဲ့ထိုးပစ်တယ်ပေါ့....

တရားခံ= ကျမသည်းခံပါတယ်.. သည်းခံနိုင်သလောက်ကို သည်းခံပါတယ် အဆိုးတကာ့အဆိုးဆုံးက ကျမကုတင်ပေါ်ဝတ်လစ်စလတ်နဲ့ရောက်သွားကာမှ ဘာမှမလုပ်ပဲ သူကထအော်တယ် "April fool" တဲ့... စဉ်းစားကြည့်ပါဦး သည်းခံနိုင်စရာလား..

 အဲ့ဒါနဲ့မီးဖိုးချောင်ထဲက သားလှီးဒါးဦးချွန်နဲ့ စိတ်ရှိလက်ရှိ ထိုးပစ်ရောပဲ

#မူရင်းပိုင်ရှင်cdပေးပါတယ်ခည
#credit

ကျေးဇူးတင်​ပါသည်​။
                       By လီယိုနာဒို

Comments

Popular posts from this blog

အင်​ဂျင်​နီယာစာအုပ်​များ

နည်းပညာစာအုပ်​ ၁၁၀