စာစီစာကုံးကိုပင် အလွတ်ကျက် ရေးရသည့် ပညာရေးမှာ ဆိုးဝါးလှကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
----------------
နေပြည်တော်ရှိ အားကစားရွာတွင် ကျင်းပသည့် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (ဆရာ အတတ်ပညာကဏ္ဍ)သို့ တက်ရောက်လာသူ ဒေါ်အောင်ဆန်းစုကြည်က အလွတ်ကျက် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် အစိုးရက ကြိုးစားလျက်ရှိကြောင်း ပြောကြားခဲ့သည်။
စာစီစာကုံးကိုပင် အလွတ်ကျက် ရေးနေကြသည်မှာ အဆိုးဆုံးဖြစ်ကြောင်း၊ အလွတ်ကျက်သည့် စနစ်မှာ မှတဥာဏ်ကောင်းရုံသာ လေ့ကျင့်ပေးနိုင်ကြောင်း၊ ထို့ကြောင့် မှတ်ဥာဏ်ကောင်းရုံဖြင့် မလုံလောက်ဘဲ စဉ်းစားဆင်ခြင် သုံးသတ်တတ်ရန်လည်း လိုအပ်ကြောင်း သူမက ပြောကြားခဲ့သည်။
**ကျမတို့ ပညာရေးစနစ်ကို ပြောင်းတဲ့အခါ အလွတ်ကျက်တဲ့စနစ် မဟုတ်ဘဲ ဆင်ခြင် စဉ်းစားသုံးသပ်နိုင်တဲ့ စနစ်ပေါ်မှာ အခြေခံ နိုင်အောင် ကြိုးစားနေပါတယ်၊ အလွတ်ကျက်တာကျတော့ ဆင်ခြင်စဉ်းစားတာ မပါဘူး။ ဆင်ခြင် စဉ်းစားချိန်လည်း မရဘူး။ ကလေးတွေမှာ အလွတ်ကျက်နေတာနဲ့ပဲ အချိန်ကုန်နေတယ်**
ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တိုင်းပြည်၏ အနာဂတ်သည် ပညာရေးအပေါ်တွင် မူတည်နေသောကြောင့် ဆရာ၊ ဆရာမများ အပေါ်တွင်လည်း များစွာ မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သင်ယူခြင်းဆိုသည်မှာ တသက်လုံး လုပ်ရမည် အလုပ်ဟု ယခုခေတ်တွင် အားလုံးက လက်ခံကြသဖြင့် ကျောင်းခန်းထဲတွင် ရှိသည့် အချိန်တွင်သာမက ကျောင်းခန်း ပြင်ပရောက်သည့် အခါတွင်လည်း သင်ယူစရာများစွာ ရှိကြောင်းလည်း ဆိုသည်။
ဆရာ၊ ဆရာမများ ကိုယ်ကိုယ်တိုင်က တသက်လုံး သင်ယူချင်သည့် စိတ်ရှိမှသာ တပည့်များကိုလည်း ကောင်းကောင်း သင်ပေးနိုင်မည်ဖြစ်ကြောင်း၊ သင်ယူချင်သည့် စိတ်မရှိသည့် ဆရာ၊ ဆရာမများက တပည့်များကိုလည်း သင်ယူချင်လာအောင် လုပ်ပေးနိုင်မည် မဟုတ်ကြောင်း ပြောဆိုသည်။။
အရမ်းမှန်ကန်သော လမ်းညွှန်မှုများဖြစ်ပါသည်။သင်ယူခြင်းဆိုသည်ကတော့ ဆရာ ဆရာမ များသာသင်ယူသင့်သည်မဟုတ်ပါ။ လူသားတိုင်းက သင်ယူမှုဖြင့် ရှင်သန်သင့်ပါတယ်။ သင်ယူမှု မပြုလုပ်တဲ့တနေ့ ဟာ အနာဂတ်တွေအားလုံးသေဆုံးသောနေ့ဖြစ်လာမှာအမှန်ပင်။ ငါ့ရဲ့အတွေ့အကြုံအရဆိုရရင်တော့ ငါစာမဖတ်တဲ့တနေ့ လူတိုင်းဆီကအားနည်းချက်အားသာချက်ကို မသင်ယူမိသောနေ့တွေမှာငါ့ရဲ့ အဖွဲ့အစည်းကို မှတ်သားဖွယ်ရာ လုပ်ချင်ကိုင်ချင်စိတ်ဖြစ်ပေါ်စေရန် တက်ကြွစေရန် လမ်းကိုတည့်မတ်ပေးဖို့ရာ ပြောစရာစကားရှာမတွေ့တောတဲ့နေ့တနေ့ပါ။
ဒီစာပိုဒ်လေးကိုဖတ်မိသူတွေအားလုံး သင်ယူခြင်းဖြင့် ဘဝကို မိမိမက်ထားသောအိမ်မက်အဖြစ်ပုံပေါ်နိုင်ကြပါစေလိုဆန္ဒပြုလိုက်ရပါတယ်။။
မူရင်းရေးသားသူကို-ခရစ်ဒက်ပေးပါတယ်
မူရင်းရေးသားမှုကို ကျတော်အတွေ့အကြုံဖြင့်ထပ်ဖြည့်စွက်သည်။။
ကျေးဇူးတင်ပါသည်။
by လီယိုနာဒို

Comments
Post a Comment